This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label Android Software. Show all posts
Showing posts with label Android Software. Show all posts

Tuesday, April 15, 2014

အချိန်မှတ်ပြီးAuto ဖုန်းခေါ်ခိုင်းမယ့် Call Schedule v3.3.6


- ကဲ…ဒီတစ်ခါတင်ပေးလိုက်တဲ့ apk ကတော့
အလန်းလေးပါပဲ။ဒီကောင်လေးရဲ့ အသုံးဝင်
ပုံလေးကတော့……
တခါတရံမှာပေါ့ဗျာ အရေးကြီးကိစ္စပဲဖြစ်ဖြစ်
ကိုယ့်သူငယ်ချင်းဘော်ဒါတွေဆီကိုပဲဖြစ်ဖြစ်
ကိုယ့်ချစ်သူနဲ့ပဲဖြစ်ဖြစ်ပေါ့ "ဖုန်း" ဆက်ဖို့
ချိန်းထားတဲ့ အချိန်တွေကိုမေ့နေတတ်ပါတယ်။
ကျနော်အပါအဝင်ပေါ့ဗျာ။
"ချစ်ရေ…ကိုယ်မနက်ဖြန်ည ၈ နာရီတိတိမှာ
ဖုန်းဆက်မယ်နော်…ဆက်ဆက်စောင့်နေ
ပါနော်"
လို့ဆိုပြီး ဖုန်းဆက်ဖို့မေ့သွားခဲ့ရင်တော့လေ
သွားပြီ ပြဿနာတက်ပြီ ကြေကွဲပြီ
အဲသလိုတွေဖြစ်တတ်ပါတယ်။
မပူနဲ့ မစိုးရိမ်နဲ့ အဲဒါတွေကို ဖြေရှင်းပေးနိုင်
တဲ့ application လေးတစ်ခု ရှိပါတယ်ဗျာ။
ဒီ apk လေးက ဘယ်သူ့ဆီကို ဘယ်နှခုနှစ်
ဘယ်လ ဘယ်နှနာရီ ဘယ်နှမိနစ် ဘယ်အချိန်
စတာတွေကို သတ်မှတ် timmer ပေးထားပြီး
အဲဒိအချိန်ရောက်ရင် သူ့ဟာသူ Auto
ဖုန်းခေါ်ပေးမှာဖြစ်ပါတယ်။
အဲ တစ်ခုတော့ရှိတယ်။သူ့ဘက်ကပြန်ထူးလို့
ကိုယ့်ဘက်က မကြားမိပဲဖုန်းမကိုင်ရင်တော့
သူဘက်ကဖုန်းမချမချင်း ဘေလ် တွေတက်
နေဦးမယ်နော်။
ဟဲ ဟဲ ဒါလည်းမပူပါနဲ့ဗျာ။
ကိုယ့်ဖုန်းလေးကို auto speaker ဖွင့်ပေးထား
လိုက်ပေါ့ဗျာ။ဒါဆို တဖက်က ပြန်ထူးနေတဲ့
အသံကိုကြားနိုင်နေပြီပေါ့လေ။ဖုန်းနဲ့လူနဲ့တော့
အရမ်းကြီးဝေမနေစေနဲ့ပေါ့ဗျာ ဟုတ်ပီလား။
ကဲ …လေကြောသိပ်ရှည်နေလို့ မေတ္တာတွေ
ပို့မနေပါနဲ့တော့။ဒီမှာပဲရပ်ပါပြီ။
အောက်မှာဒေါင်းလုပ်လင့်ခ်တွေတင်ပေးထား
ပါတယ်။
ဒီကောင်နဲ့တွဲသုံးဖို့ Auto Call Recoder apk
လေးပါတခါတည်းတင်ပေးလိုက်ပါမယ်ဗျာ။
file size 168 KB ပဲရှိပြီး version 2.0 နှင့်
အထက်ဖုန်းများ အသုံးပြုနိုင်ပါတယ်။
★Call Schedule v3.3.6 Apk အားဒေါင်းလုပ်ဆွဲရန် လင့်ခ်★
http://cdn.2safe.com/228185036120/Call_Schedule_v3.3.6_Kozawthwin.apk
★Auto Call Recoder v3.68 Apk အား
ဒေါင်းလုပ်ဆွဲရန် လင့်ခ်★
http://cdn.2safe.com/228183036120/Automatic_Call_Recoder_v3.68_Kozawthwin.apk
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)

ကိုယ့်စိတ်ကြိုက် ဆိုက်တွေကို ထည့်သွင်းပြီးတော့ ဖတ်လိုသူများအတွက် Rss Reader လေးပါခင်ဗျာ


Android phone ကနေ သတင်းတွေ ဖတ်တဲ့ Applicationတွေကို လူတိုင်းနီးပါး ဖုန်းထဲမှာ ထည့်သွင်းဖူးမှာပါ ဒါတွေက သူများလုပ်ထားတာဆိုတော့ ကိုယ်မကြိုက်တာလဲပါ ကြိုက်တာလဲပါ ကိုယ်ကြိုက်တာလဲမပါနဲ့ နည်းနည်းတော့ စိတ်ကျေနပ်မူ့ မရဘူးဆိုရင်
ကိုယ်ကြိုက်တဲ့ ၀တ်ဆိုဒ်တွေကို ဒီဆော့ဝဲလ်ထဲ ထည့်သွင်းပြီး အသစ်တင်သမျှဖတ်လို့ရပါတယ်
ကိုယ်ကြည့်ချင်တဲ့ ကိုယ်ဖတ်ချင်တဲ့ ၀တ်ဆိုဒ်တွေရဲ့ လိပ်စာကို တစ်ကြိမ်ထည့်သွင်းထားရုံပါပဲ www. အပါအ၀င်အပြည့်အစုံထည့်သွင်းဖို့လိုပါတယ်

ေ အောက်မှာဒေါင်းလိုက်ပါ
>>>Click Here!<<<

Tuesday, March 18, 2014

4.1.x အထက်တွေမှာ မြန်မာစာမှန်စေမယ့် Tool ထွက်လာပါပီ

ကျွန်တော်တို့ဖုန်းတွေ 4.1.x အထက်မှာ မြန်မာစာမမှန်တဲ့
ပြဿနာကို ကြုံတွေ့နေရပါတယ်။
အဲဒီအတွက် မပူပါနဲ့ Developer Ko Kyaw Zaw Naing ရဲ့ ဒီ apk လေးက ဖြေရှင်းပေးပါလိမ့်မယ်။
ဒီ App ကိုသွင်းဖို့အတွက် Root Access တော့လိုပါတယ်။
Patch Fail Error ဖြစ်တဲ့ဖုန်းတွေအတွက်တော့
/system/lib/libharfbuzz.so file လေးကို ကူးပြီးတော့
dr.kyawzawnaing@gmail.com ကို မေးလ်ပို့ပြီး Support လုပ်ပေးလိုက်ကြပါ။
အဲဒါဆို အခု Version မှာမရရင်တောင် နောက် Update မှာ ရအောင်ထုတ်ပေးပါလိမ့်မယ်ခင်ဗျာ။  

ဒီမှာ ဒေါင်းပါ။

စမ်းသပ်ပြီးသားဖုန်းတွေက
Note 10.1
Note 2
Tab 3
Tab 2
S3 Mini
S2 Plus
S Advance
Galaxy Grand
Xperia Z
Xperia Z1
Xperia SP
Motorola XD928
P6
G6100-U00
C8815
C8813D
C8813
G510
G520
Y300C
Y300

Thursday, March 13, 2014

myanmaritgroupapk လေးလာပါ

  








 နည်းပညာ သတင်း အနုပညာ သုတရသ ဘောလုံးအကြောင်းတွေ ပါတဲ့apkလေးပါ
ဖေးဘုတ်တောင် တက်ချင်မှာ ဟုတ်တော့ဘူး ဒါတွေအကုန်နိုင်အောင် မနည်းဖတ်ယူရမှာဗျာ
မည်သူမဆို ကူးယူဖြန့်ဝေနိုင်ပါတယ်ခင်ဗျာ.

ပြန်လည်ပြင်ဆင်ဖြည့်စွက်ပေးထားပါတယ်

 

Tuesday, October 22, 2013

ဖုန်းထဲမှာရှိထားသင့်တဲ့ အလန်းဇယား မြန်မာ Ringtones 45 ခုမရသေးသူတွေအတွက် ထပ်တင်လိုက်ပါတယ်


ဒီ  ( apk ) လေးကို ဖုန်းထဲထည့်လိုက်မယ်ဆို Ringtones 45 ခု အလွယ်တကူရမှာ

နာမည်ကြီးနေတဲ့ သီချင်းတွေကို လိုသလောက်ဖြတ်ပီး ထည့်ပေးထားတာဖြစ်ပီး

ဟာသဆန်တဲ့ ( လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါတယ် )တွေရော

မြန်မာစံတော်ချိန် တီးလုံးတွေနဲ့  မြန်မာတွေ လူကြိုက်များ လူသုံးများနေတဲ့ဟာ

45 မျိုး ပါပါတယ် ။ နံပတ်စဉ်အလိုက် ဖွင့်ကြည့်ပါ ကြိုက်တယ်ဆိုရင် နံပတ်ပေါ်

လက်နဲ့ ဖိထားလိုက် မြန်မာလိုစာပေါ်လာမယ် မက်ဆေ့အ၀င်လား ဖုန်းခေါ်ဖို့ 

နှိုးစက်အတွက်လား ရွေးပေးလိုက်ရုံပါပဲ ။ဒီဟာလေးကိုတော့ ကိုနေမင်းလတ်

တည်ထွင်ထားတာပါ ။ သုံးချင်တဲ့သူ မသုံးရသေးသူ အောက်ကလင့်မှာယူပါ



Download - MM Ringtones Collection


Download - http://www73.zippyshare.com/v/10272339/file.html

Friday, October 18, 2013

Video Caller Id APK



သူငယ်​ချင်းအားလုံးမင်္ဂလာပါ။ ကျ​နော်​တို့ ဖုန်းလာတဲ့အခါ Contacts ထဲကပုံ​တွေဘဲမြင်​ ​နေရတာပါ။ိးဒီ​ဆော့ဝဲ​လေးကဖုန်းလာ့အခါ လှုပ်​ရှားမူ ပုံစံအ​နေနဲ့
တွေ့ရမှာပါ။ သူငယ်​ချင်းတို့စိတ်​ကြိုက်​ VideoMP4 ကိုသက်​ဆိုင်​ရာContact အလိုက်​ထည့်​ထား ရင်​ဖုန်းလာတဲ့အခါ MP4 ရုပ်​ရှင်​ ကိုမြင်​​တွေ့ရမှာပါ။
ဒါ​လေးရှိရင်​ Ringtone ​တောင်​မလိုဘူးဗျ ။ အဲအဲ... . ကိုယ့်​ချစ်​သူ ​လေးလှုပ်​ ရှားမူတို့ကိုVideo ရိုက်​ပြီးတင်​ထားရင်​​တော့ .....ဟဲဟဲ .......
သဘော​ပေါက်​တယ်​​နော် 
 
 Downloads Links
 


>>>>>Link2<<<<<

Tuesday, October 15, 2013

Next Launcher Apk

 Launchera
  ကောင်းကောင်းလေးသုံးချင်သူများအတွက် ပါ 
Next Launcherလေး
အရမ်းလန်းတယ်နော်
ဒါကြောင့်တင်ပေးလိုက်တယ်ဗျာ...
အားလုံးအဆင်ပြေပါစေ...
                                                                                                                

    
                                         
   
 

  


အောက်ကLink မှာဒေါင်းလိုက်ဗျာ...
ကျေးဇူးတင်ပါတယ် 

download




Huawei ဖုန်းတွေမှာ Gtalk App မပါဘူးလား ?



Android
တွေအတွက် Gtalk app လေးပါ။ များသောအားဖြင့် Huawei ဖုန်းတွေမှာ Gtalk က
သုံးလို့မရပါဘူး။ ဒီ "hi gtalk" ဆိုတဲ့ App လေးကတော့ အကုန်လုံးအတွက်
အဆင်ပြေပါတယ်။ ကျွန်တော်အရင်က Huawei C8500 မှာသုံးခဲ့တာပါ။
 
 
>>>> Click Here to Download <<<<

 Credit : http://kokoit.blogspot.com/

Sunday, October 13, 2013

www.thefreenote.com အတွက် apk အသစ်


ဟိုတစ်ပတ်က တင်ပေးခဲ့တဲ့ သတင်းဘလော့တစ်ခုဖြစ်တဲ့ www.thefreenote.com ရဲ့ apk ဟာ 4.0 အောက် တွေမှာ သိပ်အဆင်မပြေတာတွေ့ရလို့ ခု အသစ်ပြန်လည်လုပ်ပေးလိုက်ပါတယ်.. ဒီတစ်ခါတော့ Update ချတာ မြန်ဆန်ပြီး image တွေကိုလည်း အပြည့်အဝ ဖေါ်ပြပေးမှာဖြစ်ပါတယ်.. ဒီ Apk ကို ဖုန်းမှာ Install လုပ်ထားခြင်းဖြင့် နောက်ဆုံးရ သတင်းတွေ၊ ပေးစာကဏ္ဍတွေ၊ ခံစားချက်ရသ စာပေတွေ၊ တေးသီချင်း၊ ဗဟုသုတတွေကို Internet ၅ မိနစ်ဖွင့်ပြီး တိုက်ရိုက် စောင့်ကြည့်ရယူနိုင်ပါတယ်.. အောက်ကလင့်တွေမှာ ဒေါင်းနိုင်ပါတယ်..





အဆင်ပြေပါစေ.

Saturday, October 12, 2013

iPhone 5s style screen lock လုပ်ချင်သူတွေအတွက် : Fingerprint Lock Screen version 3.0

အခုချိန်မှာ iPhone 5s တွေမှာ fingerprint နဲ့ lock screen လေးတွေပါလာတော့ android သမားတွေက မျက်နှာငယ်သလို ခံစားရမှာပေါ့နော်။ အဲ့ဒီအတွက်တော့ဘာမှ မျက်နှာငယ်စရာမလိုအောင် Finger print lock screen apk လေးကို တင်ပေးလိုက်ပါတယ်။ ပန်းသီလောက်ကတော့ စက်ရုပ်က ပျင်းတာပေါ့နော်။ :P စတာပါနော်။ တော်ကြာ ပန်းသီပရိသတ်တွေ ကျွန်တော့်ကို သတ်နေပါအုံးမယ်။ 

 ဒီ application လေးရဲ့  Animation ပိုင်းနဲ့ graphics ပိုင်းကို အကောင်းဆုံးဖန်တီးထားတာကိုတွေ့ရပါတယ်။ ရုပ်ထွက်မွန်တဲ့အတွက်ကြောင့် 
HD smartphone နဲ့ tablets တွေမှာတော့အကောင်းဆုံး ရုပ်ထွက်နဲ့တွေ့မြင်နိုင်ပါတယ်။ ဒီ application လေးက beep အသံနဲ့ vibration နဲ့ပေါင်းစပ်ပြီး lock အနေနဲ့ထားရှိတာဖြစ်တာကြောင့် setting ထဲမှာ ကြိုက်သလို ပြုပြင်ပြောင်းလဲနိုင်ပါတယ်။ 
Beep အသံ ဘယ်နှစ်ချက်ထားမယ်၊ ဒါမှမဟုတ် vibration ဘယ်နှစ်ချက်ထားမှ lock ပြန်ပွင့်မယ်ဆိုတာတွေကို customize လုပ်နိုင်ပါသေးတယ်။ 
Beep အသံကို ဖျောက်ပြီး vibration ကိုပဲ သီးသန့်ထားနိုင်သလို၊ Vibration ကိုဖြုတ်ပြီး Beep အသံကိုပဲသီးသန့်ထားပြီး lock ဖွင့်နိုင်ပါတယ်။ 
ကိုယ်စိတ်ကြိုက်ဖြစ်တာကြောင့် ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်။ ဒီ application ကို ကျွမ်းကျွမ်းကျင်ကျင်သုံးချင်ရင်တော့ application ရဲ့
setting ကို ၀င်မွှေနိုင်မှ အဆင်ပြေနိုင်မယ်နော်။ ဘာမှမခက်ပါဘူး။ လုပ်ကြည့်ပါ။ ဒီ application လေးကို android version 2.2 နဲ့အထက်မှာဆိုရင် အသုံးပြုနိုင်ပါတယ်။ 


အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။

Sunday, October 6, 2013

Google Play Store က Apk တွေကို ကွန်ပျူတာ မှ ဒေါင်းယူနည်း (10000% Working)



Google Play Store က Apk တွေကို ကွန်ပျူတာကနေ ဘယ်လိုဒေါင်းယူရလဲ ခဏခဏ မေးနေကြလို့  သိပ်အလုပ်မရှုတ်စေတဲ့ နည်းလမ်းလေးကို တင်ပေးလိုက်ပါတယ် ... 100% အဆင်ပြေပါတယ် ကိုယ်တိုင် စမ်းသပ်ပြီးသားပါ...။
အရင်ဆုံး  ဒီ Download Real APK Leecher ကို ဒေါင်းယူပါ...
Zip ဖိုင်လ်ကိုဖြည်လိုက်ပါ...


ပုံပါအတိုင်း Real APK Leecher ကို Double Click နဲ့ Run လိုက်ပါ....


 

နံပါတ် (1) Google Play Store မှာ မိမိသုံးတဲ့ Gmail / Password နဲ့ Device ID ကို မှန်အောင် ရေးထည့်ပါ...။
 နံပါတ် (2)  မှာ မိမိဒေါင်းယူလိုက်တဲ့ APK တွေကို သိမ်းထားပေးမဲ့ နေရာကို ရွေးပေးလိုက်ပါ..။

Device ID မသိရင် မိမိ Android ဖုန်းကနေ *#*#8255#*#*  ကို ရိုက်ပြီး ရှာပါ....



Device ID ဆိုတာ မျှားပြထားတဲ့ နေရာက ကုဒ် တွေပါ...။

အဆင်မပြေရင် ဒီ Download ID.Apk လေးကို ဒေါင်းယူပြီး မိမိ ဖုန်းမှာ Install ပြီး Run လိုက်ပါ ....


Device ID ဆိုတာ မျှားပြထားတဲ့ နေရာက ကုဒ် တွေပါ...။ အပေါ်က ပုံနဲ့ အတူတူပါပဲ...။
အားလုံး မှန်ကန်စွာ ရေးထည့်ပြီးပြီဆိုရင်တော့ အောက်နားလေးက Save ကို နှိပ်ပြီး သိမ်းလိုက်ပါ...။ Real APK Leecher ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ရင်..



 အပေါ်ကပုံအတိုင်း Error Massage လေး တတ်လာမှာပါ ... OK နှိပ်လိုက်ပါ... ဘာမှ မဖြစ်ပါဘူး ...


 မိမိ လိုချင်တဲ့ APP ကို ရေးပြီး Enter ခေါက်ပြီး ရှာလိုက်ပါ...။


လိုချင်တာ တွေ့ပြီဆိုရင် Select မှတ်ပြီး Right Click နဲ့ Download this app ကို နှိပ်ပါ....


App  နာမည်ကို ပြင်ရေးချင်ရင်လည်း ရေးလို့ရပါတယ် ပြီးရင် Save ကို နှိပ်ပါ.......


ပုံပါအတိုင်း Download လုပ်နေပါပြီ... 100% ပြီးရင် မိမိ သိမ်းထားတဲ့နေရာမှာ ရောက်နေပါပြီ...

အားလုံးအဆင်ပြေကြပါစေ...

Saturday, September 28, 2013

ဘောလုံးဝါသနာအိုးများအတွက် Madden NFL 25 by EA Sports v1.1.apk


ဒီတစ်ခါ အမေရိကန်ဘောလုံးဝါသနာအိုးတွေအတွက် ဒီဂိမ်းလေးဝေမျှလိုက်ပါတယ်။ Online ရှိရုံနဲ့ အ၀ဆော့လို့ရပါပြီဗျာ။ ဖိုင်ဆိုက်က 17MB ရှိပါတယ်။ September 27,2013 ထုတ်ဖြစ်ပါတယ်။ ပိုပြီးသိချင်ရင်တော့ http://adf.ly/WYk8H မှာကြည့်ပါ။ အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲပါ။ အဆင်ပြေပါစေ။



Cover art

MADDEN NFL 25 by EA SPORTS™ - screenshot

MADDEN NFL 25 by EA SPORTS™ - screenshot thumbnail

MADDEN NFL 25 by EA SPORTS™ - screenshot thumbnail

MADDEN NFL 25 by EA SPORTS™ - screenshot

MADDEN NFL 25 by EA SPORTS™ - screenshot

Download =>Link 1 / Link 2
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************


ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ



လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ



စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

Thursday, September 26, 2013

Chat 4 MM (myanmar font မရှိသော andriod ဖုန်းတွေအတွက် မြန်မာလိုမြင်ရတဲ့ gtalk chatting)


ဒီဆောဝဲလေးကတော့ မြန်မာဖောင့်မရှိသော andrion ဖုန်းတွေအတွက် ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်
မြန်မာဖောင့်မရှိလည်း Chat 4 MM ကို install ပြီး gtalk အကောင့်ဝင်ရုံလေးနဲ့ ချက်တင် ၀င်ရင် မြန်မာ လို ကောင်းစွာ မြင်ရမှာဖြစ်ပါတယ်....။Gtalk call အတွက် တော့ မရပါဘူး ဒီဆောဝဲလေးကတော့ စာရိုက် ရုံသက်သက်ပါပဲ...။ Gtalk call ဆောဝဲလိုချင်ရင်တော့ ( Gtalk Voice and Video Call ) ထဲမှာ ခေါ်လို့ရ တဲ့ ဆောဝဲများ စုပြီး တင်ပေးထားပါတယ်....။ဒါပေမယ့် ထိုဆောဝဲများကမြန်မာဖောင့် ရှိမှသာစာရိုက်ရင်မြန်မာလို မြင်ရမှာ ဖြစ်ပါတယ်...။ယခုတင်ပေးထားသော Chat 4 MM ကတော့ မြန်မာဖောင့် မထည့် ထားလည်း မြန်မာစာကို ကောင်းစွာ မြင်နိုင်မှာဖြစ်ပါတယ်...။
လိုချင်သော သူငယ်ချင်းများ အောက်ကလင့်မှာဒေါင်းယူနိုင်ပါပြီ....။

>>>>>Download Now<<<<<
playstore links=====>> Chat 4 MM.apk
App Screenshots

ကျနော်တို့ မြန်မာလူမျိုးတွေ ဒီလိုဖန်တီးပေးတာ အရမ်းကို ရုဏ်ယူ လေးစားမိပါတယ်...။
မှတ်ချက်  :  Gtalk အကောင့်ဝင်ရင် (ဥပမာ- zawmintan@gmail.com ဆိုရင် zawmintan ပဲ ရိုက်ထည့် ရင်ဝင်မရပါ....။အပြည့်စုံ အပေါ်မှာပြထားတဲ့ ပုံကလို zawmintan@gmail.com လို့ ရေးထည့်ရမှာဖြစ်ပါ တယ်)
အားလုံးအဆင်ပြေပါစေ.......။

Sunday, September 22, 2013

Internet လိုင်းမလို..ဖုန်းလိုင်းမလို Wifi Network မိရုံနဲ့ဖုန်းပြော Message ပို့လို့ရမယ့် APK လေးပါ


  အခုကျွန်တော်တင်ပေးမှာကတော့ wifi talkie ဆိုတဲ့ Android apk လေးပါ။သူကဘယ်လို အသုံးဝင်လဲပြောရရင်  Zapya apk နဲ. ပုံစံတူပါတယ် ဒါပေမဲ့ သူက ဖိုင်တစ်ခုနဲ.တစ်ခု လွှဲပြောင်းတဲ့နေရာမှာ သုံးတာမဟုတ်ပါဘူး ဖုန်းပြောလို.ရမယ် မက်ဆေ့ ပို.လို.ရမယ်ဗျာ စာသင်ခန်းထဲမှာ ဖြစ်ဖြစ် အလုပ်ထဲမှာဖြစ်ဖြစ် နီးနီးလေးနဲ. မက်ဆေ့ပို.နေရတဲ့ ကြူကြူစိန် ကိုကို မမ များအတွက် အသုံးဝင်ပါလိမ့်မယ် ဖုန်းဘေလ်မကုန်ပါဘူးအင်တာနက်မကုန်ပါဘူး (ကျွန်တော်ကြော်ငြာပေးတာပါ)
ဒါလေးကိုတော့ MMUG က ကိုမင်းမင်းဆီက မလာတာပါ။ပွားတာများသွားပြီထင်တယ်နော် ....ကဲစလိုက်ကြရအောင်

အသုံးပြုပုံအဆင့်ဆင့်ကို တက်နိုင်သလောက်နားလည်အောင်ပြောပြပေးပါမယ် လိုအပ်ချက်များရှိခဲ့ရင်လဲခွင့်လွှတ်ပေးကြဖို.ကြိုပြောထားပါရစေ နော်....

ဒီ apk လေးကို အသုံးပြုမဲ့ဖုန်းထဲကို အောက်မှာပေးထားတဲ့လင့်ကနေ ဒေါင်းပြီးအင်စတောလုပ်လိုက်ပါ ဆက်သွယ်ဖို.အတွက် ဖုန်းရဲ. setting>>portable Wlan hotspot ကိုအမှန်ခြစ်ပေးလိုက်ပါ။ရှင်းအောင်ပြောရရင်တော့ wifi ထောင်လိုက်ပေါ့ဗျာ မသိတဲ့လူတွေအတွက်သေချာရှင်းပြတာပါ။
အဲ့ဒီကမသွားခြင်ရင်လဲ အောက်က ပုံလေးအတိုင်းသွားလိုက်ပါ 


                                   wi-fi hotspot ဆိုတဲ့နေရာကနေသွားလို.ရပါတယ်
ပြီးသွားရင်တော့သူ.ကိုသွားချိတ်မဲ့ ဖုန်းကနေ Wlan ဖွင့်ပြီးရှာကြည်.လိုက်ပါ ဒီအဆင့်ကိုတော့လူတိုင်းလုပ်တက်မယ်လို.ထင်ပါတယ် ဘာ့ကြောင့်လဲဆိုတော့ coffee ဆိုင်တွေမှာ အင်တာနက်သုံးသလို သူထောင်ထားတာကို ၀င်ချိတ်ယုံပဲ.....password ခံထားရင်တော့ထည်.ပေးပေါ့

ကဲ့ဒါဆိုရင်တော့ အိုကေသွားပြီ နော် ဖုန်းနှစ်လုံး network ချိတ်ပြီးသွားပြီ......ဒီနေရာမှာပြောချင်တာက ဖုန်းနှစ်လုံးအတွက်ပဲရှင်းပြလို. နှစ်လုံးပဲသုံးလို.ရတာမဟုတ်ဘူးနော် 8 ယောက်လောက်အထိရှယ်သုံးလို.ရတယ်.... ပြီးတာနဲ.ဆော့ဝဲလ်လေး ဖွင့်လိုက်ဗျာ အောက်က ပုံလေးလိုဖုန်းအမျိုးအစားအလိုက်ပေါ်နေလိမ့်မယ်


အမျိုးအစားတွေတူနေလို.ရောကုန်မှာကြောက်ရင်လဲ အောက်မှာပြထားသလို setting ထဲမှာ နာမည်ပြန်ပြင်လိုက်ပေါ့

အားလုံးပြီးသွားရင်တော့ မက်ဆေ့လဲပို.လို.ရပါပြီ ကိုပို.ချင်တဲ့ ဖုန်းကို ထောက်ပြီး မက်ဆေ့ပို.ရုံပဲဗျာ 


မက်ဆေ့ပို.လို.အားမရရင် ဖုန်းပါပြောလို.ရတယ် ဗျာ ခေါ်ချင်တဲ့ ဖုန်းမှာဖိလိုက် call ဆိုတာလေးကိုနှိပ်လိုက် ဖုန်းခေါ်နေလိမ့်မယ် 

ခေါ်ထားပြီး ဖုန်းဝင်လာရင်တောင် ၀ိုင်ဖိုင်က ဆက်အလုပ်လုပ်နေတဲ့အတွက် ဖုန်းမကျသွားဘူးဗျာ လိုင်းအားကောင်းရင် သူဘယ်သူနဲ.ဖုန်းပြောနေလဲဆိုတာပါနားထောင်လို.ရသေးတယ် ဘယ်လောက်အဆင်ပြေမလဲ ဒီလောက်ဆိုရင်တော့ အဆင်ပြေပြေသုံးတက်သွားလောက်ပြီထင်တယ် အသံလဲ ကြည်လင်ပြတ်သားပါတယ် ....လိုချင်လာပြီဆိုရင်တော့အောက်ကပေးထားတဲ့လင့်မှာဒေါင်းယူနိုင်ပါတယ်။
(ထပ်ပြောမယ်နော် mpt ကိုလဲ လုပ်ကျွေးစရာမလိုဘူး အင်တာနက်လိုင်းလဲမကုန်ဘူး ချစ်သူနဲ.လဲအဆက်အသွယ်မပျက် ဘက်ထရီမကုန်မခြင်းသာကြူကြတောဗျာ) :)

                    
Download => Dropbox / Solidfiles