အဲဒါနဲ့ပတ်သက်ပြီး apk တစ်ခုတည်းမှာ ဘလော့တွေ စုပြီးလုပ်ချင်တယ်လို့ ထပ်တောင်းလာကြပြန်တယ်.. ဥုံလိုပေါ့ဗျ... ဥုံကို တစ်ချို့က ကျွန်တော်လုပ်တာလို့ထင်နေကြတယ်.. မဟုတ်ဘူးခင်ဗျ.. ဥုံက သူ့ Admin ရှိပါတယ်.. ကဲ. ဥုံလောက်အသေးစိပ်မကျပေမယ့် ဥုံလိုပဲ ဘလော့တွေ၊ ဝက်ဘ်ဆိုဒ်တွေကို ခုနက ဘလော့ခရီးသည်ရေးခဲ့တဲ့နေရာမှာပဲ လုပ်ကြည့်ရအောင်.. ကျွန်တော်က ဘလော့ရီးသည်ရဲ့ အဆက်ကိုပဲ ရေးမှာဆိုတော့ ဒီနေရာလေးက ပထမလုပ်နည်းလေးကို အရင်ကြည့်ကြပါဦးနော်
ကဲ. ပြီးပြီဆိုရင် ဘလော့တစ်ခုကို apk တစ်ခုတော့ ရပြီးပြီနှော်.. အဲဒီ apk ထဲမှာ ထပ်တိုးရအောင်..
1. www.appyet.com မှာ ကိုယ်က Register လုပ်ထားပြီးပြီဆိုတော့ Login အရင် ဝင်လိုက်ပါ..
2. ကိုယ်လုပ်ခဲ့တဲ့ apk လေးတွေ့မှာပါ.. ညာဘက်ဆုံးက Detil ဆိုတာကိုနှိပ်လိုက်ပါ..
အဲဒီမှာ အောက်နားက အဝါရောင် Button တွေ တွေ့လားဗျာ.. အဲဒီ Button တွေမှာ Feed(RSS/Actom) ကတော့ RSS Feed တွေ ရယူပြီး ချက်ချင်းထည့်နိုင်ပါတယ်.. အဝါရောင် Button အလိုက် ကိုယ်ထည့်ချင်တာ (Facebook, Blog, Wordpress, Youtube ) တွေထည့်လို့ရပါတယ်.. ကျွန်တော်က ဘလော့နဲ့ ဝက်ဘ်ဆိုဒ်ထည့်မှာဆိုတော့ Blogger ကိုနှိပ်လိုက်ပါတယ်..
4. ဒီစာမျက်နှာမှာတော့ Create Module ဆိုပြီးခေါင်းစဉ်နဲ့ဖြစ်ပါတယ်.. ဒါကတော့ ဖြည့်တတ်မှာပါ.. Name မှာ ကိုယ်ပေးချင်တဲ့ နာမည်၊ Group Name မှာ. အုပ်စုအလိုက်ခွဲထားတဲ့နာမည် (ဥပမာ- နည်းပညာ၊ သတင်း စသည်ဖြင့် )၊ Menu Order ကိုတော့ ဒီအတိုင်းပဲထားလိုက်၊ အောက်နားမှာ ကိုယ်ထည့်ချင်တဲ့ Blog/Website ရဲ့ လိပ်စာကို http:// ပါအောင်ထည့်ပေးရပါတယ်.. ဥပမာ = http://www.mmithelper.com
ပေါ့...
ပြီးရင်တော့ Save ကိုနှိပ်လိုက်ပါ..

6. ခုရောက်လာတဲ့စာမျက်နှာမှာတော့ ခုနက ယူခဲ့တဲ့ RSS ကိုမြင်ရမှာဖြစ်ပါတယ်.. ထပ်ထည့်ချင်ရင် Add New Feed ကိုနှိပ်ပြီးထပ်ထည့်နိုင်ပါတယ်.. တကယ်လို့ ကိုယ်က RSS မယူတတ်ဘူးဆိုရင် ညာဘက်အပေါ်နားလေးက Back to Module ကိုနှိပ်ပြီး အဆင့်(၃)ကနေ စလုပ်သလို လုပ်ရမှာဖြစ်ပါတယ်..
7. လုပ်ပြီးသွားရင်တော့ အပေါ်ညာဘက်တန်းက Build ကိုနှိပ်လိုက်ပြီး Submit to Build ကိုနှိပ်လိုက်ပါ.. ခဏနေရင် ကိုယ့်အီးမေးထဲကို apk လေး ရောက်လာမှာဖြစ်ပါတယ်... ဒါဆိုရင် အဆင်ပြေလောက်ပါပြီနှော်...








0 comments:
Post a Comment