Tuesday, March 18, 2014
Samsung Galaxy ACE GT-S5830i ကို S3 Styled Rom လေးနဲ့လန်းရအောင်
Samsung Galaxy ACE GT-S5830i ဟာ 2.3.6 နောက်ဆုံးအနေနဲ့ official ထွက်ရှိခဲ့ပါတယ်။
4.0.4 လိုမျိုး ICS Version Update မထွက်တော့ဘူးလို့လည်း Samsung ကနေကြေငြာခဲ့ပါတယ်။
အဲကျတော့ ဒီဖုန်းလေးကိုလဲ လွှင့်ပစ်ရမှာကလည်း နှမြော UI ကလည်း ပြောလောက်အောင် မလှတာမို့
စိတ်ညစ်နေကြမှာပါ။ အခုတော့ xda developers forum မှာ Rom လေးကို ရှာတွေ့လာခဲ့ပါတယ်။
Error လုံးဝမရှိပါဘူးခင်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ Stock Rom ကို အခြေခံပြီး Modify လုပ်ထားလို့ပါပဲ။
ဒီ Rom တင်ပြီးတာနဲ့ တစ်ကယ့်  S3 သုံးနေရသလိုကို ခံစားရပါတယ်။
ကဲပြောနေကြာတယ်ဗျာ စလိုက်ကြရအောင်။
အရင်ဆုံး Custom Rom တင်မယ်ဆိုရင် -
(1) CWM Recovery ရှိရပါမယ်။
     (CWM Recovery က Stable Recovery မရပါဘူး။ အဲဒါကြောင့် Temporary Recovery ပဲ
     သုံးပါမယ်။ Temporary Recovery ၀င်နည်းကတော့ ဒေါင်းလို့ရလာတဲ့ zip file ကို sdcard ထဲ
     ထည့်ပါ။Phone ကို Power ပိတ်ပြီး Volume Up + Home + Power နဲ့Stock Recovery Mode ကို
     ကို ရွေးပါ။ CWM Recovery တက်လာပါပြီ။)
     CWM Recovery ကို ဒီမှာ ဒေါင်းပါ။
(2) Samsung USB Driver ရှိရပါမယ်။
     မရှိသေးရင်တော့ ဒီမှာ ဒေါင်းပါ။
     ဘာဖြစ်လို့လဲဆိုတော့ တင်တဲ့အခါ အမှားရှိခဲ့ရင် သို့တည်းမဟုတ် Brick ဖြစ်သွားခဲ့ရင် Official Rom      ပြန်တင်မှ ရမှာပါ။
(3) Official Rom ရှိနေပြီးသားကတော့ ဘာမှမဖြစ်ပါဘူး။ Custom Rom တင်ထားတာရှိတယ်ဆိုရင်တော့
     Official Rom အရင်ပြန်တင်ဖို့ အကြံပေးပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ Custom Rom ကနေ   
     Custom Rom ထပ်ပြီးတင်တာဟာ Phone ရဲ့ Brick Chance 85% လောက်ရှိလို့ပါပဲ။
(4) Custom Rom တင်ဖို့ Zip ဖိုင်ပါ။
      ဒီမှာ ဒေါင်းပါ။
ကဲ လိုအပ်ဒါတွေ ဒေါင်းပြီးပြီဆိုရင်တော့
Custom Rom စပြီးတင်ပါတော့မယ်။
နံပါတ်(1)မှာ ပြထားတဲ့အတိုင်း CWM Recovery Mode ၀င်ပါမယ်။ ပြီးရင်
  • Clear/Wipe Data
  • Clear/Wipe Cache
  • Advanced > Clear/Wipe Dalvik cache
  • Install zip from sd card > choose zip from sdcard > choose TouchWiz-Resurrection_V7.0 FIXED.zip.
  • Reboot
အကယ်၍ Custom Rom တင်ပြီးသားကနေ ထပ်တင်မယ်ဆိုရင်တော့
  • Clear/Wipe Data & Cache
  • Advanced > Clear Dalvik Cache
  • Mounts and Storage > Format /system
  • Mounts and Storage > Mount /system
  • Install ZIP from SD Card > choose zip from sdcard > choose TouchWiz-Resurrection_V7.0 FIXED.zip.
  • Reboot
ကဲ Reboot လုပ်ပြီးလို့ Samsung Logo လေးတက်လာပီဆိုရင်တော့ Custom Rom တင်ခြင်း ပြီးဆုံးပါပြီခင်ဗျာ။ S3 Styled Rom လေးနဲ့ လန်းလို့ရပါပီ။
(အထူးသတိပေးချက်။ ။ဒီ Rom သည် GT-S5830i နှင့်သာ တင်လို့ရပါသည်။ အခြား ACE Model များဖြစ်သော S5830,S5830C,S5830M,S5830D များနှင့် လုံးဝတင်လို့မရပါ။ တင်မိလျှင် ဖုန်း Power မတက်ခြင်း၊ Boot သေခြင်း စသည် အထိဖြစ်နိုင်ပါသဖြင့် Take at your own risk ပါ ခင်ဗျာ)
Screen Shot တွေကို အောက်မှာ ကြည့်ပါခင်ဗျာ။
0 comments:
Post a Comment